Skip to main content

Posts

Showing posts from 2012

What the Plus!: Google+ for the Rest of Us

Download Link :  https://ssl.gstatic.com/s2/oz/content/WhatThePlus.pdf  

Yangonese! in Dawei

အမှတ်မထင်ဘဲ "မရွယ်ဘဲ မင်းဖြစ်" ဆိုတဲ့ စကားပုံလို ကြိုတင်စီစဉ်ထားတာ မရှိပါဘဲ ထားဝယ်သွားဖို့ အကြောင်းဖန်လာခဲ့တယ်။ ဒီလိုနဲ့ ၉ ရက်နေ့ ညနေ ၄ နာရီခွဲမှာ ရန်ကုန်မြို့ အောင်မင်္ဂလာ ကားဂိတ်ကနေ "ကောင်းသစ်စံ" ရန်ကုန် - ထားဝယ် - မြိတ် ကားကို စီးပြီး ထားဝယ်ကို ၁၀ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီ ၁၅ လောက်မှာ ရောက်လာခဲ့တယ်။ လမ်းခရီးအတွေ့အကြုံကိုတော့ သပ်သပ် ပို့စ်တစ်ခု ရေးပါဦးမယ်။ လောလောဆယ်တော့ ခုပေးနေတဲ့ သင်တန်းမှာ နမူနာပြတဲ့ အနေနဲ့ အမှတ်တရ ဓာတ်ပုံအချို့ကိုပဲ တင်ပါဦးမယ်။ ထားဝယ်မြို့ လမ်းမတစ်နေရာ တည်းခိုခန်းရှေ့မှာ ဆုတောင်းပြည့်မြစေတီ ရင်ပြင်ပေါ်မှာ

ရင်ခုန်နှင်းဆီ

ကျောင်းတော်က နှင်းဆီ တက္ကသိုလ်ရဲ့ မိန်းလမ်းမကြီးပေါ်မှာ မိန်းကလေးတစ်ယောက် တည်တည်ငြိမ်ငြိမ်နဲ့ လျှောက်လာနေပါတယ် ။ သူ့နောက်က နေမင်းကတော့ ဖျဖျကလေးလင်းပေါ့ ။ လျှောက်လာသူ မိန်းကလေးရဲ့ မျက်ဝန်းတွေလောက်မှ မတောက်ပနိုင်တာမို့ သိမ်ငယ်ပေရော့ နေမင်းရေ ... ။ လေပြည်တွေတောင် လမ်းပေါ်က သစ်ရွက်ခြောက်တွေကို ဆွဲခေါ်သွားပြီး ပင်လယ်ကဗွီးပင်တန်းတွေကြား မကြားတကြားနဲ့ ရယ်နေလေရဲ့ ။ နောက်တော့ သူပဲ မိန်းကလေးရဲ့ နက်မှောင်ဆံနွယ်တွေကို မထိတထိစပြီး ထွက်ပြေးတယ် ။ ကောင်မလေးက လေနှော့သွားတဲ့ သူ့ဆံပင်ဖျားကို ညာဘက်နားရွက်ကလေးအပေါ် တစ်ချက် သပ်တင် လိုက်တယ် ။ အဲဒီမှာ ... နီတျာ နှုတ်ခမ်းပါး - တစ်စုံ ဖြောင့်စင်းနှာတံ - တစ်ခု ကော့နက်မျက်ဝန်း - တစ်စုံ ဝင်းမွတ်ပါးပြင် - တစ်ဖက် အထက်ပါပစ္စည်းအစုစုကို အချိုးညီညီ ပေါင်းစပ်ထားတဲ့ သူ့ရဲ့ အလှတစ်စွန်းတစ်စကို ရုတ်တရက် တွေ့မြင် လိုက်ရတာပါပဲ ။ သိဝီမင်းကြီးပေါ်က ဆင်ကျ ... အဲလေ ... ဆင်ပေါ်က သိဝီမင်းကြီးပြုတ်ကျတယ်ဆိုတာ ဒီလိုအလှမျိုး ။ အဲဒါ ကျနော်တို့ ကျောင်းတော်ကြီးရဲ့ မနှင်းဆီပေါ့ ။ နှင်းဆီကောက်ကြောင်း ကျောင်းတော်ကြီးမှာ မနှင်းဆီရဲ့အကြောင်းကို လူပြောများကြတယ် ။ ဒါပေမဲ့ ဖုံးဖံ...

လက်ပစ်ဘော

ဒီနေ့ည MRTV-4 ကလာတဲ့ လန်ဒန်အိုလံပစ် တိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်တွေကို ကြည့်တော့ မြန်မာ့ အားကစားလောကမှာ နည်းနည်း စိမ်းနေဦးမယ့် အားကစားနည်း တစ်မျိုးကို တွေ့တယ်။  သူရဲ့ ကစားပုံ ကစားနည်းကို အစွဲပြုပြီး နာမည်ပေးရရင်တော့ “လက်ပစ်ဘော”လို့ ခေါ်ရမှာပါပဲ။ Handball London 2012 Olympic Photo Courtesy by london2012.com ရုံတွင်း အားကစားနည်း တစ်မျိုးဖြစ်ပြီး ကွင်းက ဖူဆယ်ကွင်းနဲ့ ဆင်ပါတယ်။ တစ်သင်းကို ဂိုးသမား အပါအဝင် တစ်ဖက် ခုနစ်ယောက် ဆော့ရပါတယ်။ ကစားပုံကစားနည်းကတော့ ခြင်းလုံးသာသာ လောက်ရှိတဲ့ (သားရေ) ဘောလုံးလေးကို ကစားသမားတွေက လက်နဲ့ အပေးအယူလုပ်ပြီး တစ်ဖက်အသင်း ဂိုးပေါက်ထဲကို (ပစ်ထည့်) ဂိုးသွင်းဖို့ ကြိုးစားရတာပါ။ လက်နဲ့ အပေးအယူ လုပ်တယ်ဆိုပေမဲ့ ဘတ်စကတ်ဘော နဲ့လည်း မတူပါဘူး။ တစ်ချက်ထောက် ပုတ်တာလောက်က လွဲရင် ကျန်တာက ဟိုပစ်လိုက် ဒီပစ်လိုက် ပေးနေရတာပါ။ ပြီးတော့ တစ်ဖက်အသင်းက တိုက်စစ်ဆင်လာတဲ့အခါ ကိုယ့်အသင်းဘက်ခြမ်း ခံစစ်ဇုန်ထဲကနေပဲ ခုခံကာကွယ်ခွင့် ရှိပုံ ရပါတယ်။ (ခံစစ်ဇုန်ကနေ ရှေ့ထွက်ပြီး လူကပ်တာမျိုး၊ လုတာမျိုး မတွေ့ရလို့ပါ။ အဲ … အတွင်းထဲ ဝင်လာရင်တော့ ဝိုင်း အမဲဖျက်ကြတာပေါ့) အသင်းရဲ့ ခ...

Talking about news (သတင်း အတင်းတုတ်ခြင်း)

ဇွန်လ ၁၉ ရက်နေ့ထုတ် ကြေးမုံ သတင်းစာကို ဖတ်ရင်း အတွေးပေါက် မိတာလေးတွေ ပြန်ရေးချင်ပါတယ်။ ပထမဆုံး နိုင်ငံတကာ သတင်းများ ကဏ္ဍမှာပါတဲ့ “တစ်ကမ္ဘာလုံး လူဦးရေ၏ စုစုပေါင်း ကိုယ်အလေးချိန် သိပ္ပံပညာရှင်များ ခန့်မှန်း ကိုယ်အလေးချိန် လွန်ကဲသူများ သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေ” ဆိုတဲ့ သတင်းမှာ မပြုံးဘဲ မနေနိုင် ဖြစ်သွားပါတယ်။ နောက်ဆို ဝတဲ့သူများကို သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေသူများ ဆိုပြီး စလို့ ကောင်းသွားပြီလို့ အတွေးပေါက်မိလို့ပါ။ တစ်ဆက်တည်း တစ်ကမ္ဘာလုံး လူဦးရေရဲ့ စုစုပေါင်း ကိုယ်အလေးချိန်ကို တိုင်းတာကြတဲ့ သိပ္ပံပညာရှင်များရဲ့ အတွေးကိုလည်း အံ့သြမိသွားပါတယ်။ မိုက်သဟလို့ မှတ်ချက်ပြုမိပါတယ်။ နောက် သတင်းတစ်ပုဒ်ကတော့ အားကစား သတင်းပါ။ “မြန်မာ ယူ-၂၂ အသင်း အိမ်ရှင် ထိုင်းအသင်းကို သုံးဂိုး - တစ်ဂိုးဖြင့် နိုင်” တဲ့။ ထုံးစံအတိုင်း မြန်မာအသင်း နိုင်ရင်တော့ သတင်းစာမှာ ဖတ်ရမှာပါ ဆိုသလိုပါပဲ။ ဒါပေမဲ့ ဒါဟာ သာမန် ခြေစမ်းပွဲ အားမနာတမ်း ပြောရရင် ထိုင်းက ခေါ်ပြီး ဆိုက်ကို လုပ်တဲ့ပွဲလို့ ထင်ထားတာပါ။ ထင်တဲ့အတိုင်း နောက်ဆုံးရ သတင်းတွေအရ မော်လဒိုက်နဲ့ ကန်တဲ့ နောက်တစ်ပွဲမှာ မြန်မာအသင်းက တစ်ဂိုး ဂိုးမရ...

ပိုက်ဆံနဲ့ ကျွန်တော်နဲ့ တည့်တယ်

ဟုတ်တယ်။ ပိုက်ဆံနဲ့ ကျွန်တော်နဲ့ တည့်တယ်။ အိတ်ထဲမှာ ပိုက်ဆံ တစ်သောင်းနှစ်သောင်းလောက် ရှိနေရင်ကို စားဝင်အိပ်ပျော် ဆီးဝမ်းသွေးလေ မှန်ပေတယ် အဟဲ။ လက်ထဲ ပိုက်ဆံပြတ်နေလို့ကတော့ အလိုလိုကို ငူငိုင်တွေဝေ နေတတ်လာသလားပဲ။ ကျွန်တော့်အတွက်ကတော့ မိမိကိုယ်ကို စိတ်ချယုံကြည်မှု ပိုရှိလာစေဖို့ ပိုက်ဆံအိတ်ထဲ ပိုက်ဆံ ရှိနေဖို့ လိုသဗျာ။ ×××    ×××    ×××    ××× ဒီရက်ပိုင်း ပရောဂျက်တစ်ခုအတွက် စရံလေး ရထားတော့ လူက ငွေယားကလေး ရှိရင် ဖြစ်တတ်တဲ့အတိုင်း ဟိုဟာ သုံးချင်သလို ဒီဟာ သုံးချင်သလို စိတ်ထဲ ဖြစ်လာတယ်။ ဒါပေမဲ့ တစ်ခုတော့ ထူးထူဆန်းဆန်းပဲ။ အရွယ်လည်း ရလာလို့ ငွေတန်ဖိုး နားလည်လာတယ် ဘာညာတော့ မဆိုချင်ပါဘူး။ စိတ်ထဲတော့ အရမ်းကာရော သုံးမပစ်ချင်တာ အမှန်ပဲ။ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ လက်ထဲ ငွေကလေး တစ်စနှစ်စ ရှိနေမှ ဖြစ်မယ်လို့ တွေးမိတယ်။ ဒီလိုနဲ့ အရင်လို အိတ်သွန်ဖာမှောက် သုံးပစ်ချင်စိတ်တွေကို တော်တော် ချိုးနှိမ်နိုင်လာသဗျ။ ×××    ×××    ×××    ××× ဆိုတော့ ဒီရက်ပိုင်းတော့ နေလို့ထိုင်လို့ တယ်ကောင်းသဗျာ။ အော် ကျွန်တော် ပြောပါရောလား။ ပိုက်ဆံနဲ့ ...

မုန့်နှပ်

ရုံးမှာ သွားကိုက်လို့ ဆန်ပြုတ်သောက်နေရတဲ့ သူငယ်ချင်း တစ်ယောက် ရှိတယ်။ ဒီနေ့ညပဲ သူက ခနောဆန်ပြုတ်ကို ရုံးက  ထောက်ချုပ်ပေးတဲ့ အကြံအတိုင်း ပြုတ်ပါတယ်။ လှော်ပြီးတော့မှ ပြုတ်တဲ့သဘောပါ။ ဒါပေမဲ့ ရုံးက တစ်လုံးချက် ပေါင်းအိုးလေးနဲ့ ဆိုတော့ ဘယ်လိုမှ အဆင်မပြေပါဘူး။ သူကလည်း ဆန်ပြုတ်အမှုန့်တွေကို အဲဒီထဲထည့်ပြီး အပူပေးတဲ့ သာသာ လုပ်ပေးတာကို။ မမွှေပေးတော့ တူးခြစ်ပြီး ညော်နံ့ထွက်လာလို့ အမြန်သွားပြီး ပလပ်ဆွဲဖြုတ် လိုက်ရတယ်။ ပြီးမှ သူနဲ့ သူ့ဆန်ပြုတ်အကြောင်း ပြောရင်း မုန့်နှပ်ကို သွားသတိရသွားပါရော။ ×××    ×××    ×××    ××× ငယ်ငယ်တုန်းက နွေရာသီ ကျောင်းပိတ်ရက်ဆိုရင် အဖေ့ဘက်က အဖွားတွေအိမ်မှာ သွားနေရတယ်။ သူတို့က နယ်ဘက်က။ ဆိုတော့ သူတို့ဆီရောက်ရင် ရာသီစာလေးတွေ တောစတိုင် စားရတယ်။ ထမင်းစားရင်တောင် သရက်သီးမှည့်လေးနဲ့ ဆိုတာမျိုး။ အဲဒီမှာ မုန့်နှပ်ကို စတွေ့တာပဲ။ ×××    ×××    ×××    ××× မုန့်နှပ်ဆိုတာက မှတ်မိသလောက် ဆန်ကို နီရောင်လာအောင် လှော်ပြီး ထန်းလျက်ရည်တွေ အုန်းသီးတွေနဲ့ သာကူပုံစံ သောက်စရာ တစ်မျိုးပဲ။ အဖွားတို့ကတော့ ဒါက ဓာတ်စာလို့ ယံ...

သင်္ကြန် အထူးလျှော့ဈေး

Credit - Htoo Tay Zar သင်္ကြန်အကြတ်နေ့ ဒုတိယရက် ညနေပိုင်းက ကန်တော်ကြီးစောင်းက မဏ္ဍပ်တစ်ခုမှာ မြင်ခဲ့တဲ့ စိတ်မသက်သာစရာ မြင်ကွင်းတစ်ခုရယ်၊ သင်္ကြန်တွင်း Facebook အသိုင်းအဝိုင်းက တင်လာကြတဲ့ သတင်း ဓာတ်ပုံတွေရယ်ကို ကြည့်ပြီး ယနေ့ခေတ် အချို့သော မြန်မာ မိန်းကလေးများဟာ (ပင်ကိုယ်ဗီဇ သဘာဝအလျောက် သိတဲ့) ဈေးရောင်းဈေးဝယ်တောင် မတတ်ကြတော့ပါလားလို့ ထင်မိတယ်။ စကားတစ်ခုလည်း ပြန်အမှတ်ရမိပါတယ်။ ဆယ့်နှစ်ပွဲဈေးသည်တွေ ပြောတာ ကြားဖူးပါတယ်။ "ဟ ခုခေတ်မှာ ဆိုင်ခလုတ်တိုက်တော့မှပဲ ဝယ်သူက လာတာကွ" တဲ့။ ဒါကြောင့် အချိန်လေးများရရင် ကိုယ်သိထားတဲ့ ဈေးကွက်ရှာဖွေ ထူထောင်ခြင်းဆိုင်ရာ သီအိုရီတွေပဲ ခေတ်နောက်ကျ ကုန်ပြီလား ပြန်ဆန်းစစ် ရပါမယ်။ လောလောဆယ်တော့ အလုပ်တစ်ဖက်နဲ့ မအားသေးတာမို့ "အင်း ဒါလည်း သင်္ကြန်အထူးလျှော့ဈေး တစ်မျိုးပဲလား" လို့ တွေးမိနေကြောင်းပါ။ (စာဖြည့်) "ဒါမျိုး နှစ်တိုင်း ရောင်းနေကျပါကွာ" လို့ အချို့က ပြောကြတယ်။ သေချာတာက ဒီပစ္စည်းတွေဟာ တိုက်ဆွေးလောက်အဆင့် မဟုတ်ဘဲ အထည်လောကအခေါ် "ဆိုက်ပျက်" တွေမို့လို့ အားမပေးချင်ပါနဲ့ဗျာလို့ ပြန်ပြောချင်တယ်။ အချို့က "ကိုယ့်...

Infographic: Joomla CMS Development Strategy

"အကြံကုန် ရန်ကုန် ဆားချက်" တော့ မဟုတ်ရပါဘူးဗျာ။ ဒီပုံဟာ ဟောင်းပေမဲ့ ကောင်းနေသေးတဲ့ သတင်းတန်ဖိုးလေး ရှိသေးတယ်။ Image Credit : http://magazine.joomla.org/issues/Issue-Aug-2011/item/538-Infographic-Joomla-CMS-Development-Strategy

The Sign of Myanmar Drama Series?

Update: ဇာတ်ဝင်တေးဆိုတဲ့ အဆိုရှင်နှစ်ယောက်က မြတ်သူကျော်နဲ့ ဝတ်ရည်ထက်လို့ သိရှိရပါတယ်။ ဇာတ်လမ်းတွဲ စပြတဲ့အခါမှာ အချစ်သင်္ကေတလို့ တရားဝင် မြန်မာမှု ပြုပေးထားပါတယ်။ ဇာတ်လမ်းနမူနာ Trailer ကိုကြည့်ရုံနဲ့ ဇာတ်လမ်းထဲမှာ ပါဝင်လာတဲ့ ဇာတ်ကွက်အချို့ကို တင်ကူး ခန့်မှန်း နိုင်စေတာက ဒီ မြန်မာဇာတ်လမ်းတွဲရဲ့ ပထမဆုံး အားသာချက်ဖြစ်ပါတယ်။ တရုတ်အခေါ် “ ရှုံးကျင့်နိုင် ” မြန်မာအခေါ် “ ချစ်ကွဲညား ” ထဲက အမျိုးအစား တစ်ခုခု ဖြစ်နိုင်တယ်လို့ ထင်မြင်ရတာကြောင့် မကြိုက်တဲ့ ပရိသတ်တွေ ကြိုတင် ရှောင်ရှားနိုင်မှာ ဖြစ်သလို မမှတ်သေးတဲ့ ပရိသတ်တွေလည်း မလွတ်တမ်း စောင့်မျှော်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲထဲက မင်းသားရဲ့ ဇာတ်ကောင်စရိုက်ဟာ ဆရာဝန်ဖြစ်ပြီး ချစ်ရသူ ကောင်မလေး တစ်ယောက်ရယ်၊ တိတ်တခိုးချစ်သူ (မာနကြီးသူစရိုက်) မင်းသမီး တစ်လက်ရယ် ပါဝင်တာကို တွေ့ရတာကြောင့် ဆယ်စုနှစ် တစ်ခုနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့ ရှေးရိုး အစဉ်အလာ ကိုရီးယား ဇာတ်လမ်းတွဲများကို ထိန်းသိမ်းထားတယ်လို့ မြင်မိပါတယ်။ အထက်ပါ အချက်ကို ပိုမိုထင်ရှား ပေါ်လွင်စေတာကတော့ ဇာတ်လမ်းတွဲ နမူနာထဲမှာပါတဲ့ “ မင်းသား နင်းလာတဲ့ စက်ဘီးနောက်မှာ မင်...

Joomla! 2.5 Beginner's Guide Free Download

Joomla! 2.5 Beginner's Guide Joomla! ကို လေ့လာ အသုံးပြုနေသူတွေအတွက် လက်ရှိ version 2.5.x အကြောင်း ပြည့်ပြည့်စုံစုံ မိတ်ဆက်ရှင်းလင်းထားတဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။ စာရေးသူ Hagen Graf ရဲ့ Joomla! 2.5 Beginner's Guide စာအုပ်ဟာ အရင်က ထုတ်ဝေခဲ့ဖူးတဲ့ Joomla 1.6 and 1.7 Beginner's Guide ဆိုတဲ့ စာအုပ်ကို အခြေခံထားပြီး Joomla Community က ဆောင်းပါးကောင်း အချို့ကို ထည့်သွင်းဖော်ပြ ပေးထားတာလည်း တွေ့ရပါတယ်။ စာမျက်နှာ ၂၅၈ မျက်နှာပါဝင်ပြီး သက်ဆိုင်ရာ အခန်းတိုင်းမှာ screenshot, footnote ဝေဝေဆာဆာနဲ့ တင်ဆက်ပေးထားတာကို တွေ့ရပါတယ်။ စာမြည်း ဖတ်ကြည့်မိတဲ့အခါ မသိမဖြစ် Joomla! အလေ့အထလေးတွေနဲ့ တကယ် လက်ဝင်လှတဲ့ အသုံးအချို့အကြောင်း ထည့်သွင်း ရှင်းပြထားတာကို တွေ့ရပါတယ်။ စိတ်ပါဝင်စားသူတွေအတွက် Joomla! 2.5 Beginner's Guide PDF Version ကိုThe Joomla! Community Magazine ဖေဖော်ဝါရီလထုတ် စာအုပ်စင်ကဏ္ဍကနေ အခမဲ့ ရယူနိုင်ပါတယ်။ Download Link:  http://magazine.joomla.org/issues/issue-feb-2012/item/677-Joomla-2-5-Beginner-s-Guide

လူလိုလို နတ်လိုလို ရန်ကုန်နိစ်

အဲဒါ ကြာပြီ။ ကြာလာတော့လည်း ကိုယ့်ဘာသာ သတိထားမိတာပေါ့။ Facebook ပေါ်မှာ Status Message တင်တဲ့ ကိစ္စကို ပြောပါတယ်။ အရင်ကဆို Facebook ပေါ်မှာ Status Update တော်တော် တင်ဖြစ်တယ်။ ပြောရရင် နိစ္စဒူဝ ကိုယ်မြင်တွေ့ ခံစားရတဲ့ အကြောင်းအရာပေါင်း သောင်းပြောင်းထွေလာ ဘာလာလာ Facebook ပေါ် တင်ဖို့ ကုန်ကြမ်းတွေ ဖြစ်နေလေရဲ့။ စားလည်း ဒီစိတ် သွားလည်း ဒီစိတ်။ Facebook Addicted လို့ ခေါ်နိုင်မယ် ထင်ပါရဲ့။ အဲလို ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အလုပ်ကလည်း ဖိစီးရဲ့။ လူမှုဘဝကလည်း ကလူကျီစယ်ရဲ့။ ကျန်းမာရေးကလည်း ထောင်းလေရဲ့။ ဒီလိုနဲ့ Facebook သုံးရတာ တော်တော် မပျော်ပိုက် ဖြစ်လာပြီး ဖတ်သူသက်သက် ဖြစ်မှန်း မသိဖြစ်လာတယ်။ ကိုယ့်အလုပ်တွေထဲက တစ်ခုကလည်း Facebook ပေါ် သတင်းတင်ရတဲ့ အလုပ်ဆိုတော့ Facebook ဆိုတာနဲ့ အလုပ်နဲ့ တွဲတွဲ မြင်လာလို့ ချဉ်လာသလားတော့ မပြောတတ်။ ဘာပဲဖြစ်ဖြစ် လူက အရင်လို မဟုတ်တော့တာတော့ တဖြည်းဖြည်း သတိထားမိလာတယ်။ ဘာရယ်မသိ ပို့တစ်ခု တင်ခါနီးကျရင် အရင်လောက် မသွက်တော့ဘူး။ တောင်တောင်အီအီ လျှောက် စဉ်းစားလာတယ်။ ဒီပို့စ်ဟာ သူ့အကျိုးမရှိ ကိုယ့်အကျိုးမရှိ ပို့စ်မျိုးလား။ ဆရာကြီးတွေက ဝိုင်းဗျင်းကြမဲ့ ပို့စ်မျိုး...