Skip to main content

Posts

Showing posts from 2014

သတင်းအတင်းတုတ်ခြင်း - ၂

Update: မန်းလေးမှာ ၁၄၄ ရုတ်သွားပြီတဲ့  ဒီနေ့ စမ်းချောင်းထဲမယ် ရဲကိုကိုတွေက ရပ်ကွက်နေပြည်သူတွေကို ရပ်ကွက်ထဲ နေရထိုင်ရတာ အဆင်ပြေလား၊ လုံခြုံမှုရှိရဲ့လား စသည်ဖြင့် လိုက်အင်တာဗျူးနေတာ တွေ့ခဲ့တယ်။ ဒီနေ့ သတင်းစာထဲမယ် ဝမ်းနည်းကြေကွဲကြောင်း ကြော်ငြာတစ်ခုမှာ မြန်မာနိုင်ငံ ကွန်ပြူတာ “ဝါသနာရှင်များ” အသင်းဆိုပြီး တွေ့လိုက်တယ်။ တို့လည်း အဲ့ဒါမျိုး အမှုမဲ့အမှတ်မဲ့ပါပဲ။ မနေ့က သတင်းစာမှာ ဧရာဝတီတိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ (ဝန်ကြီးချုပ်ပါ ဝင်ကန်တယ်) နဲ့ သတင်းမီဒီယာများအဖွဲ့ ချစ်ကြည်ရေး ဘောလုံးကန်ကြသတဲ့။ ဘယ်သူမှလည်း ဂရုတစိုက် ရေးပြောကြတာ မတွေ့လို့။ နိုကီယာက ထုတ်တဲ့ Android ဖုန်းစီးရီးတွေထဲက အမြင့်ဆုံး X2 တောင် ဒီမှာ ဝယ်လို့ရနေပြီဆိုပဲ။ ဒီနေ့ထုတ် Internet ဂျာနယ်ထဲမှာ ဖတ်ရတယ်။ Microsoft က ဝယ်ထားတဲ့ Nokia မှာ ဒီ ၂၀၁၄ ထဲ X Series (X, X+, XL, X2) နာမည်တွေနဲ့ Android Based Dual SIM ဖုန်းတွေ ထွက်လာတယ်။ X2 ကတော့ အဲ့စီးရီးတွေထဲ အမြင့်ဆုံးလို့ ပြောရမှာပေါ့။ 4.3” Display, 5MP ကင်မရာပဲ ပါတယ်ဆိုပေမယ့် ရိုက်လို့ကောင်းတယ် ညွှန်းကြတယ်။ ဈေးကလည်း တစ်သိန်းရှစ်သောင်း ဝန်းကျင်ပဲ။ ရန်ကုန်က Nokia Showroo...

နင်ဟာ ငါ့ရဲ့ အရပ်သားအစိုးရ

(စာကလေးပေကလေး ရေးမလို့ အတွေးထိုင်ဖျာရင်း နင်ဟာ ငါရဲ့ လုံခြုံရေးကုတ်နံပါတ် … နင်ဟာ ငါ့ရဲ့ အိပ်မက်တိတ္ထံ စသည်ဖြင့် စဉ်းစားနေရာကနေ ၂၀၀၉ လောက်က ဂျာနယ်လစ်ဇင်သင်တန်းမှာ သင်တန်းဆင်းပွဲအတွက်ဆိုပြီး ရေးထားတဲ့ဟာကလေးကို ပြန်သတိရမိတယ်။ ကိုယ့်ဘာသာကိုယ်တော့ ပြဇာတ်လို့ နာမည်တပ်ပစ်လိုက်တာပဲ အဟဲ ဒါပေမယ့် သုံးတော့မသုံးဖြစ်လိုက်ပါဘူး။ အဓိကက အဲဒီနှစ်တွေတုန်းက သတင်းဖြစ်ရပ်တွေကို ပြောင်ရေးထားတာလောက်ပါပဲ။ ခုတော့ အတော်တော်များများက အတွေးအမြင်ပြောင်း၊ ရှုထောင့် ပြောင်းနေပါပြီ။ ဒါပေမယ့်လို့ ၂၀၀၉ - ၂၀၁၀ လောက် မုဒ်နဲ့ဖတ်ရင်တော့ ရယ်ရဦးမယ် ထင်ပါတယ်) "တကယ်ပါကွာ" (တစ်ခန်းရပ်ပြဇာတ်) လိုအပ်သောဇာတ်ကောင် - သုံးဦး (မိန်းကလေးတစ်ယောက် ၊ ယောက်ျားလေးနှစ်ယောက်) ပစ္စည်းကိရိယာ - မိုက်စတန်းနှစ်ခု၊ ဝိုင်ယာလက်မိုက်တစ်ခု နောက်ခံ - ကောင်မလေးတစ်ယောက်အား ရည်စားစကားပြောရန် ကောင်လေးတစ်ယောက်မှ ကြံစည် ။ မရဲ၍ သူငယ်ချင်းဖြစ်သူအား အကူအညီတောင်း။ အခင်းအကျင်း - ယောက်ျားလေးနှစ်ယောက် စတိတ်စင်ထောင့်၊ မိန်းကလေး စတိတ် အလယ်မကျတကျတွင် နေရာယူ။ ကောင်လေး (တွန့်တွန့်ဆုတ်ဆုတ်ဟန်ဖြင့်) - “ဟေ့ရောင် ဖြစ် ... ဖြစ်ပါ့မလား" (သူငယ်ချင်...

ကျွန်တော်နှင့် လူဆိုးများ

လူတစ်ချို့ ရှိသည်။ သူတို့က သူတစ်ပါး စကားကြော ရှည်သည်ကို မကြိုက်။ လိုရင်းတိုရှင်း တိုတိုပြတ်ပြတ် နားထောင်ရန် လိုလားသည်။ ကျွန်တော်ကလည်း ကျွန်တော်။ ကိုယ်ပြောပြနေသည့် အကြောင်းအရာကို တစ်ဖက်လူက လုံးစေ့ပတ်စေ့ နားလည်သွားစေချင်သည်။ ထို့ကြောင့် အကြောင်းကိစ္စတစ်ခုတွင် မပြောလျှင်လည်း အရှင်း။ ပြောလျှင်လည်း ဥပမာဥပမေယျများဖြင့် သိုင်းဝိုင်း ဖွဲ့ဆို ရှင်းလင်းပြောဆိုနိုင်ဖို့ အားထုတ်သည်။ ထို့အတူ ကိုယ့်ဗီဇကိုကလည်း စကားပြောလျှင် သိုင်းဝိုင်း ဖွဲ့ဆိုပြောတတ်ခြင်း ဖြစ်သည်။ အနိမ့်အမြင့် ရသမပါသော စကားမျိုးကို သိပ်ခံတွင်း မတွေ့လှ။ အဲဒီမှာ ပြဿနာတက်တော့သည်။ လူတစ်ချို့က ကျွန်တော့်ကို စကားများသူ၊ လေကြောရှည်သူ၊ တော်ရုံနှင့် လိုရင်းရောက်အောင် မပြောနိုင်သူ တစ်ယောက်ဟု မြင်ပါသည်။ ××× ××× ××× ××× ရုပ်ရှင်ကြည့်သည့်အခါတိုင်း လူဆိုးနေရာက သရုပ်ဆောင်သူ အများစုကို သတိထားကြည့်မိသည်။ ထို့အတူ ၎င်းတို့၏ ယေဘုယျ ဇာတ်ကောင်စရိုက်ကို လေ့လာကြည့်သည်။ ထိုအခါ ထူးခြားချက်အချို့ကို သတိပြုမိသည်။ ပထမအချက်မှာ လူဆိုးများသည် ဆုံးဖြတ်ချက် လျင်မြန်စွာ ချမှတ်နိုင်သည်ကို တွေ့ရသည်။ သူတို့ကို မစဉ်းစား မဆင်ခြင်ဘဲ ဂမူးရှူးထိုး ဆုံးဖြ...

Ding Dong!

များသောအားဖြင့် Dummy Text တွေ သုံးတဲ့အခါ Hello World လို့ ရေးလေ့ရှိကြပေမယ့် ကျွန်တော်ကတော့ ခု Ding Dong လို့ ပြောင်းပြီး သုံးဖြစ်နေတယ်။ 

စိတ်ကူးယဉ် အိပ်မက်ကမ္ဘာငယ် အတူ သွားကြစို့လား

မနေ့ညက မနက် ၂ နာရီလောက်ကစပြီး လုံးဝကို ဆက်အိပ်လို့မရတာနဲ့ တောင်တောင်အီအီ စာထိုင်ဖတ်နေဖြစ်တယ်။ အဲဒီမှာ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ဖတ်ဖြစ်တာက Offline Wiki ထဲက လကမ္ဘာခရီးစဉ်အကြောင်းတွေ။ အဲ မနက်ခင်းရောက်တော့မှ အိပ်ပျော်သွားပြီး ညနေပိုင်း ပြန်နိုးလာတော့ မုခပုတ္တက တစ်ခွင်လုံး လကမ္ဘာဆိုတာချည်း ဖြစ်နေပါရောလား။ ဒါနဲ့ပဲ ဒီနေ့တော့ မနက်ခင်း ကျီးမနိုးခင် စိတ်ကြည်ကြည်လင်လင် နိုးလာခိုက်မှာ မနေ့က ဖတ်ထားမိတာလေးတွေကို မှတ်မိသလောက် လက်တန်း ပြန်ချရေးကြည့်မိတယ်။ "စိတ်ကူးယဉ် အိပ်မက်ကမ္ဘာငယ် အတူ သွားကြစို့လား" သွားလေသူ သမ္မတ ကနေဒီက ၁၉၆၁ လောက်မှာ “ဒီဆယ်စုနှစ် မကုန်ခင် လကမ္ဘာပေါ် လူသားတွေ ခြေချနိုင်ရမယ်” ဆိုပြီး စပ်ဆော့ခဲ့တာကစလို့ အပိုလို ခရီးစဉ်တွေ သန္ဓေတည်ခဲ့တာပဲ။ အပိုလို ခရီးစဉ်တွေထဲမှာဆို အရေးအပါဆုံးက အပိုလို ၈ နဲ့ အပိုလို ၁၁။ အပိုလို ၈ ဆိုတာက ပထမဆုံး ကမ္ဘာ့ဆွဲအားထဲက ထွက်၊ လကမ္ဘာပတ်လမ်းထဲကို ရောက်အောင်သွားပြီး အကြိမ် ၂၀ လောက် ပတ်လိုက်နိုင်တာလေ။ သူ့ခရီးစဉ်ရဲ့ တံဆိပ်ကိုက ရှေ့မှာ ကမ္ဘာလုံး နောက်မှာက လကို အင်္ဂလိပ်အက္ခရာ ၈ ပုံစံနဲ့ တွဲထားတာ။ သဘောက လကမ္ဘာကို ပတ်ပြီး ကမ္ဘာကို ပြန်လာမယ်ဆိုတဲ့သဘော။ အပိုလို ၈ ...

ကွန်နက်ရှင်စိတ္တဇ

သည်ညတော့ အမ်ပီတီက သဘောကောင်းနေရော့ထင်။ ကွန်နက်ရှင်က ၂၀၀ နားကပ်ပြီး ငြိမ်နေလွန်းလှချည့်။ ဒါနဲ့ပဲ လုပ်လက်စအလုပ်တွေ ပစ်ထားပြီး ဝဘ်အကြောင်း အသစ်ထွက် အီးဘွတ်ခ် ဆယ်အုပ်လောက်နှင့် စပိုက်ဒါမင်း အဟောင်းသုံးကားပေါင်း တိုးရန့်တစ်ခု ထိုင်ဆွဲနေလိုက်သည်။ အင်း တစ်ခါတစ်လေတော့လည်း ကွန်နက်ရှင်ကလေးက ဒီလိုလေး ဖြစ်နေဦးမှ။ နို့မို့ဆို မြန်မာပြည်တွင် လုပ်စားနေသော ဝဘ်သမားအဖို့ "ကွန်နက်ရှင်စိတ္တဇ"ကား မတွေးဝံ့စရာ။ "ကွန်နက်ရှင်စိတ္တဇ" ဖုန်းနှင့် အင်တာနက်ချိတ်သုံးရာ၌ ကွန်နက်ရှင် မကောင်းလျှင် နှစ်မိနစ်တစ်ခါ ယူအက်စ်ဘီခေါင်းကို ကိုင်ကိုင်ကြည့်၏။ လျော့တိလျော့ရဲဖြစ်နေသည်ဟု ထင်လျှင် ခပ်ကျပ်ကျပ်လေးဖြစ်အောင် ဖိဖိထိုး၏။ သို့မှသာ ကွန်နက်ရှင်များ မလျော့မည် အမှန်။ အင်တာနက်သည် ဖုန်းမှတဆင့် ကွန်ပြူတာအတွင်းသို့ ဝင်ရောက်လာသည်ဖြစ်ရာ ဖုန်းအတွင်းရှိ အပလီကေးရှင်းတစ်ခုခုက ကိုယ်ယောင်ဖျောက်၍ နောက်ကွယ်ကထိုင်ဖြုန်းနေလျှင် အကျိုးမရှိ ဖြစ်မည်ကို တွေးမိရကား ဖုန်းတွင် မလိုလားအပ်သော အပလီကေးရှင်းများ ပွင့်မနေစေရန် ငါးမိနစ်တစ်ခါမျှ Clean Master ဖြင့် Cache ရှင်း၊ Junk File ရှင်း၏။ အလွန်အမင်းဆိုးရွားစွာ လိုင်းကျနေပါ...