Skip to main content

သတင်းအတင်းတုတ်ခြင်း - ၂

Update: မန်းလေးမှာ ၁၄၄ ရုတ်သွားပြီတဲ့ 

ဒီနေ့ စမ်းချောင်းထဲမယ် ရဲကိုကိုတွေက ရပ်ကွက်နေပြည်သူတွေကို ရပ်ကွက်ထဲ နေရထိုင်ရတာ အဆင်ပြေလား၊ လုံခြုံမှုရှိရဲ့လား စသည်ဖြင့် လိုက်အင်တာဗျူးနေတာ တွေ့ခဲ့တယ်။

ဒီနေ့ သတင်းစာထဲမယ် ဝမ်းနည်းကြေကွဲကြောင်း ကြော်ငြာတစ်ခုမှာ မြန်မာနိုင်ငံ ကွန်ပြူတာ “ဝါသနာရှင်များ” အသင်းဆိုပြီး တွေ့လိုက်တယ်။ တို့လည်း အဲ့ဒါမျိုး အမှုမဲ့အမှတ်မဲ့ပါပဲ။

မနေ့က သတင်းစာမှာ ဧရာဝတီတိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ (ဝန်ကြီးချုပ်ပါ ဝင်ကန်တယ်) နဲ့ သတင်းမီဒီယာများအဖွဲ့ ချစ်ကြည်ရေး ဘောလုံးကန်ကြသတဲ့။ ဘယ်သူမှလည်း ဂရုတစိုက် ရေးပြောကြတာ မတွေ့လို့။

နိုကီယာက ထုတ်တဲ့ Android ဖုန်းစီးရီးတွေထဲက အမြင့်ဆုံး X2 တောင် ဒီမှာ ဝယ်လို့ရနေပြီဆိုပဲ။ ဒီနေ့ထုတ် Internet ဂျာနယ်ထဲမှာ ဖတ်ရတယ်။ Microsoft က ဝယ်ထားတဲ့ Nokia မှာ ဒီ ၂၀၁၄ ထဲ X Series (X, X+, XL, X2) နာမည်တွေနဲ့ Android Based Dual SIM ဖုန်းတွေ ထွက်လာတယ်။ X2 ကတော့ အဲ့စီးရီးတွေထဲ အမြင့်ဆုံးလို့ ပြောရမှာပေါ့။ 4.3” Display, 5MP ကင်မရာပဲ ပါတယ်ဆိုပေမယ့် ရိုက်လို့ကောင်းတယ် ညွှန်းကြတယ်။ ဈေးကလည်း တစ်သိန်းရှစ်သောင်း ဝန်းကျင်ပဲ။ ရန်ကုန်က Nokia Showroom ကတော့ Android Based Phone တွေက သူတို့တရားဝင် တင်သွင်းတာမဟုတ်ဘဲ အောက်လမ်း ဖုန်းတွေလို့ ပြောပါတယ်။

ခုတစ်လော အစိုးရဝန်ကြီှးဌာနတွေကနေ သက်မွေးဝမ်းကျောင်းသင်တန်းတွေ ဖွင့်ပေးနေတယ် ဆိုရာမှာ မနေ့က ဟိုတယ်/ခရီးကနေ F&B, FO, Waiter, House Keeping စတဲ့သင်တန်းတွေနဲ့ ဧည့်လမ်းညွှန်၊ Regional Guide သင်တန်းစတာတွေအတွက် ကြော်ငြာခေါ်ထားတာ သတင်းစာမှာ ဖတ်လိုက်ရတယ်။ ၈ ပတ်ကြာ သင်တန်းတွေမှာ အမျိုးအစားအလိုက် သင်တန်းကြေး တစ်သိန်းခွဲကနေ နှစ်သိန်းခွဲဝန်းကျင်အထိ ရှိပြီး သင်တန်းပြီးရင် Certificate ထုတ်ပေးမယ် ဆိုတယ်။

ကမ္ဘာလှည့်စာရေးမယ်ဆိုပြီး မိန်းမယူသွားတဲ့ ဘုန်းဘုန်းတစ်ပါးကရဲ့ညီက “ညီမေတ္တာ”ဆိုတဲ့နာမည်နဲ့ ဖောင်ဒေးရှင်းလုပ်ငန်းတွေ ဆက်လုပ်မယ်ဆိုတဲ့အကြောင်း မနေ့က သတင်းစာမှာ ပါတယ်။

ဆက်သွယ်ရေးကဏ္ဍ တော်လှန်ရေးသမားကြီး ရွှေပြည်တံခွန်က ဓာတ်ပုံပြိုင်ပွဲ ဖိတ်ခေါ်ထားတာ လွန်ခဲ့တဲ့နှစ်ရက်လောက်က သတင်းစာရဲ့ ကြော်ငြာအချပ်ပို မျက်နှာဖုံးမှာ ပါတယ်။ အတွင်းစာမျက်နှာမှာလည်း သူ့ကုမ္ပဏီကြော်ငြာ မျက်နှာပြည့်ပါတယ်။ ဘေးချင်းကပ် စာမျက်နှာမှာတော့ MPT ရဲ့ Family & Friend Call Promotion မျက်နှာပြည့် ကြော်ငြာကြီး။

Eleven ကဖွထားတဲ့ တရုတ်တွေ ဒဂုံမြို့သစ် (တောင်၊ အရှေ့၊ ဆိပ်ကမ်း) တွေက မြေကွက်တွေကို အငမ်းမရ ဝယ်ယူနေ ဆိုတာမှာ နေ့စဉ်ရက်ဆက် သတင်းစာ ကြော်ငြာအချပ်ပိုထဲမလည်း အမြင်ကပ်စရာ ကောင်းလောက်အောင်ကို “ဈေးကောင်းပေးဝယ်မည်” ဆိုတာတွေချည်း တွေ့ရသေးတာ။

မြန်မာစာတစ်ပါတည်းပါတယ်ဆိုတဲ့ Nokia Keypad Phone Model 108 (ဂျာနယ်တွေ၊ သတင်းစာတွေမှာ ဒီရက်ပိုင်း သိပ်ကြော်ငြာနေတာ) ဆိုတာက Ooredoo ဖုန်းကတ်တွေ ထည့်သုံးလို့ မရဘဲ 2G only လို့ Nokia Showroom က ပြောပါတယ်။ သူတို့ဆီက Keypad Phone တွေထဲမှာ 308 ဆိုတာကတော့ 3.5 G ရလို့ Ooredoo ကတ် ထည့်သုံးလို့ ရပါသတဲ့။ အဲ့အမျိုးအစားကတော့ မြန်မာစာမပါသေးဘူး ထင်တာပဲ။

ပြန်ကြားရေးက နှစ်အလိုက်ထုတ်တဲ့ ဗဟုသုတဘဏ် (Knowledge Bank) ဆိုလား အဲ့စာအုပ် ၂၀၁၄ ဗားရှင်းကို တစ်အုပ် ၂၀၀၀ နဲ့ ဝယ်လို့ရနေပြီး ဖြစ်ကြောင်း တစ်နေ့က သတင်းစာမှာ ကြော်ငြာဖတ်ရတယ်။ 

ဒီရက်ထဲမယ် ဖတ်မိပြီး သတိထားမိတဲ့ သတင်းတွေ၊ ဖြစ်ရပ်တွေတော့ အများကြီးပဲ။ ပြန်ရေးတဲ့အခါကျတော့ အကုန်ပြန်မပေါ်တော့လို့ မှတ်မိသလောက်ပဲ ပြန်ချရေးလိုက်ပါတယ်။

စာဖြည့်။ ။ အော် ဒီရက်ပိုင်း ဖုန်း Handset ကြော်ငြာတွေကို သေချာကြည့်မိတော့ Ooredoo OK ဆိုတဲ့ စာသားလေးတွေ ထည့်ပြီး ကြော်ငြာနေကြပါရောလား။

Comments

Popular posts from this blog

လက်ပစ်ဘော

ဒီနေ့ည MRTV-4 ကလာတဲ့ လန်ဒန်အိုလံပစ် တိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်တွေကို ကြည့်တော့ မြန်မာ့ အားကစားလောကမှာ နည်းနည်း စိမ်းနေဦးမယ့် အားကစားနည်း တစ်မျိုးကို တွေ့တယ်။  သူရဲ့ ကစားပုံ ကစားနည်းကို အစွဲပြုပြီး နာမည်ပေးရရင်တော့ “လက်ပစ်ဘော”လို့ ခေါ်ရမှာပါပဲ။ Handball London 2012 Olympic Photo Courtesy by london2012.com ရုံတွင်း အားကစားနည်း တစ်မျိုးဖြစ်ပြီး ကွင်းက ဖူဆယ်ကွင်းနဲ့ ဆင်ပါတယ်။ တစ်သင်းကို ဂိုးသမား အပါအဝင် တစ်ဖက် ခုနစ်ယောက် ဆော့ရပါတယ်။ ကစားပုံကစားနည်းကတော့ ခြင်းလုံးသာသာ လောက်ရှိတဲ့ (သားရေ) ဘောလုံးလေးကို ကစားသမားတွေက လက်နဲ့ အပေးအယူလုပ်ပြီး တစ်ဖက်အသင်း ဂိုးပေါက်ထဲကို (ပစ်ထည့်) ဂိုးသွင်းဖို့ ကြိုးစားရတာပါ။ လက်နဲ့ အပေးအယူ လုပ်တယ်ဆိုပေမဲ့ ဘတ်စကတ်ဘော နဲ့လည်း မတူပါဘူး။ တစ်ချက်ထောက် ပုတ်တာလောက်က လွဲရင် ကျန်တာက ဟိုပစ်လိုက် ဒီပစ်လိုက် ပေးနေရတာပါ။ ပြီးတော့ တစ်ဖက်အသင်းက တိုက်စစ်ဆင်လာတဲ့အခါ ကိုယ့်အသင်းဘက်ခြမ်း ခံစစ်ဇုန်ထဲကနေပဲ ခုခံကာကွယ်ခွင့် ရှိပုံ ရပါတယ်။ (ခံစစ်ဇုန်ကနေ ရှေ့ထွက်ပြီး လူကပ်တာမျိုး၊ လုတာမျိုး မတွေ့ရလို့ပါ။ အဲ … အတွင်းထဲ ဝင်လာရင်တော့ ဝိုင်း အမဲဖျက်ကြတာပေါ့) အသင်းရဲ့ ခ...

What the Plus!: Google+ for the Rest of Us

Download Link :  https://ssl.gstatic.com/s2/oz/content/WhatThePlus.pdf  

Infographic: Joomla CMS Development Strategy

"အကြံကုန် ရန်ကုန် ဆားချက်" တော့ မဟုတ်ရပါဘူးဗျာ။ ဒီပုံဟာ ဟောင်းပေမဲ့ ကောင်းနေသေးတဲ့ သတင်းတန်ဖိုးလေး ရှိသေးတယ်။ Image Credit : http://magazine.joomla.org/issues/Issue-Aug-2011/item/538-Infographic-Joomla-CMS-Development-Strategy